သွယ်လင်းဆက်

ကျွန်တော့်၏အမည်မဲ့များ

အမည်မဲ့ (၁၉)

>> 06 November, 2013

နှလုံးသားရဲ့ ပြင်းပြမှုမှာ
မျက်ဝန်းနက်နက်နဲ့ အူကြောင်ကြောင်ကောင်မလေး
မရိုင်းတရိုင်းပျော်ဝင်ရရင်
ကိုယ်အလွမ်းနဲ့ကိုယ် မှည့်ဝင်းလတ်ဆတ်ရတာ
သွေးရိုးသားရိုးမဟုတ်တာကလွဲရင်
ကျနေ အောက်မှာ ခဏခဏဆုံတာပဲ
တစ်ယောက်ကိုတစ်ယောက်
ကြာကြာရှည်ရှည် ဘယ်သူကြည့်ရဲခဲ့လို့လဲ
တိမ်တွေသာ စကားပြောတတ်ရင်
ကိုယ့်စိတ်က ကိုယ့်မနောကံကို မပိုင်ခဲ့တဲ့အကြောင်း...........

Read more...

စိတ်မရှိတဲ့နာမည်

>> 03 May, 2012

မောင်ချောနွယ်ရဲ့
လူကြိုက်နည်းတဲ့ကောင်ကို
မင်းတို့ မဖတ်ဖြစ်ဘူးပဲ ဆိုဦးတော့
ခုတလော
ငါ့ကို လူကြိုက်များကောင်းများလာမယ်

ဒါကို
နှစ်ဆယ်ရာစုရဲ့
လူအကြိုက်အများဆုံးရောဂါ ဘဝဂ်တက်တဲ့ရောဂါလို့
မင်းကနာမည်တပ်ရင် ငါအကြောက်အကန်ငြင်းမယ်

စိတ်တွေက ပေါ့ပါလာမလိုနဲ့ လေးလံလာလိုက်တာ
အသံတွေက နီးမလိုနဲ့ ဝေးလာတယ်
အသံနောက် စိတ်မကပ်နိုင်သမျှ
သန္တာန်တလျှောက် အဟောသိကံ

ခုတလော
နမိတ်ကောင်းတွေနဲ့
ဘဝကတော့ စိတ်ထောင်းကိုယ်ကြေ..........

Read more...

ဥာဏ်စဉ်မသီသော လက်ရေးများ ( ၄ )

>> 04 June, 2010

ကမ္ဘာကမီးလောင်
လူအချင်းချင်း ချနင်းနေချိန်
စိတ်တွေကလည်း မလွယ်ပေါက်ကကျဆင်းလို့
ဆန္ဒလမ်းနောက်
ငွေကြေးက မလျှောက်နိုင်ခဲ့...........

သမ္မာအာဇီဝ အမည်တပ်
ဆင်းရဲမွဲတေမှုကို တပ်မက်ရင်း
မိုးပျံတိုက်တွေပေါ်က အိပ်မက်တွေကို
ငုံ့ကြည့်တတ်လာရဲ့...........

စိတ်အခန့်မသင့်တိုင်း
ဖြစ်လာတဲ့ ကိလေသာလက်တသစ်
ခန္ဓာကျိုးအောင် တိုးလို့ ရစ်လေတိုင်း
နှစ်အစိတ်တိုင်အောင် နာဖျားမှုတွေ
ခြေဖဝါးအောက်က ဘဝင်ကို
လာလာဆောင့်တယ်...........

လူရာမဝင်ခဲ့တဲ့ လိုအပ်ချက်တွေနဲ့
ကိုယ့်ခြေရာကိုယ်မထင်တဲ့
ဖိနပ်တစ်ရံရဲ့ အတ္ထုပတ္တိ
စားတမ်းဖတ် ပဲမှားခဲ့သလား
တင်ပြပုံ ပဲမှားခဲ့လေသလား..........

အမေ့အတွက် ချစ်သူအတွက်
သိက္ခာအတွက် ကိုယ်ကျင့်တရားအတွက်
တကယ်တော့ အတ္တတစ်ခုချင်းစီကို
အလွှာလိုက် အရောင်ဆိုးလိုက်နဲ့..........

စိမ့်ထွက်လာတဲ့
ရော်ရင့်ကြမ်းတမ်းမှုတွေကို
ချွေးသိပ်ခံရင်း
ဖြတ်သန်းလာခဲ့တဲ့ ခေတ်အဆက်ဆက်
နောက်ကြောင်း ပြန်လှည့်ကြည့်လိုက်တော့

ကိုယ်ကိုယ်တိုင်မှန်ဖို့
သူတပါးကို မှားခဲ့တဲ့နေ့တွေ
ကြယ်တစ်ခါ ရှင်သန်ဖို့
လတစ်ရာကို ဖျားခဲ့တဲ့ညတွေ............

Read more...

အမည်မဲ့ (၅) / ဧပရယ်သေတမ်းစာ

>> 12 April, 2010

၂၀၀၈ တုန်းကတင်ခဲ့တဲ့ ကဗျာလေးပါ။ ဧပရယ်နဲ့ပါတ်သတ်တဲ့ ကဗျာဖြစ်သလို ခုချိန်ထိ
ပြန်ဖတ်လိုက်တိုင်း ခံစားနေရဆဲဖြစ်လို့ ပြန်တင်တာပါ။ အသစ်မရေးဖြစ်တာလည်းပါ ပါတယ်။
သင်္ကြန်က အဆိပ်အတောက်တစ်ခု ဖြစ်ခဲ့သလို သင်္ကြန်ရောက်တိုင်း အပြင်ထွက်ဖို့စိတ်ကုန်
ခဲ့တာလည်း ၆နှစ်လောက်ရှိခဲ့ပါပြီ။ နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြပါစေ။


ဒီလို ဧပရယ်လမှာ
ရင်ဘက်ဟောင်းနဲ့လူ
နှစ်ယောက်တစ်အိပ်မက် မြင်ရင်
နှလုံးသားအာဟာရ က
တစ်ကျစ်ကျစ် မြည်တယ်..........

ကံကြမ္မာပဲ ခါးခဲ့သလား
ရင်ခုန်သံပဲ မှားခဲ့လေသလား
ဝေဝါးဝါး အတိတ်က
သံယောဇဉ် လက်ကျန်ရှင်းတမ်း
အဘယ်သောဓါးနှင့် ခုတ်ပိုင်းရမလဲ..........

သတိရစိတ် တဖွားဖွားဝေရင်
ငါ့ကို ငါပဲ သေဆုံးရမလား
ငါကိုယ်တိုင်ပဲ သေဆုံးနေသလား..........

Read more...

အမည်မဲ့ (၁၈)

>> 16 March, 2010

တစ်ခုခုကို လွမ်းနေတယ်
ဘာကိုမှန်းမသိဘူး
ဝတ်မှုံခံအာရုံ ပျိုးပျိုးမှာ
ငါ့ကိုလာနှိုးပါ
ငါ နေဝင်တာကိုကြည့်ချင်တယ်...........

နှစ်ကြိုးပြိုင်
လွန်းတင်ရစ်တဲ့ စောင်းမှာ
တစ်ကြိုးကို တစ်ကြိုးဆိုင်ဖို့
ကံကြမ္မာရဲ့လက်သဲထက်
လွန့်လူးလို့ ခတ်ပြရနဲ့..........

ဒါလိုနဲ့
အဝေးရောက် ဗီးနပ်စ်ရဲ့
ကမောက်ကမ နိုင်မှုကြောင့်
ရင်ခွင်တစ်ခြမ်းပဲ့တေးသွားတို့
ပြိုထွက်လာခဲ့.............

မောတယ် ဒီရေ ရယ်
ဝမ်းရေးကြောင့်
ခပ်သောက်ခဲ့ရသောပင်လယ်မှာ
စိတ်တစ်ချက်ပင့်တိုင်း
အလွမ်းက လက်တဆစ်တိုင်အောင်မြုပ်တယ်..........

မစိုက်ပဲပွင့်ခဲ့တဲ့ စံပယ်ဟာ
ငါ့ရဲ့ ခေတ်ကြိုးခေတ်ကြားက
မရှိုက်ပဲပြယ်သွားတဲ့ ရနံ့အကြောင်း
အားလုံးကြားအောင်
ပျိုးရစ်ခဲ့ပြန်တယ်..........

အနုပညာမြင်ရိုင်းနဲ့
ငါ ထင်ရာစိုင်းပြန်တော့လည်း
ထုဆစ်ခဲ့သမျှ ကျောက်စာတိုင်းမှာ
မင်းလက်ဖဝါးက သွေးခြည်ဥထက်ပိုပြီး
အရာမထင်ခဲ့ပြန်ဘူး...........

နောက်ဆုံး
ရမ္မက်တွေသိုသိပ် ခိုးလို့အိပ်ချိန်
ရင်ညွန့်ထက်က အကြောစိမ်းများ
ငါ့အိပ်မက်များကို
ရောလို့ယှက်လေတယ်.........

Read more...

ဒီနေ့ ဒိုင်ယာရီ

>> 13 February, 2010

လွန်လေပြီးသော နေ့စွဲတစ်ခု
အမှတ်တမဲ့ပေမဲ့ အမှတ်တရနေရာ
နှစ်တစ်ရာပြည့်ရန် ငါးနှစ်အလို
မထူးဆန်းပေမဲ့ ထူးဆန်းနေသော ကဗျာ
လူသန်းပေါင်း ၅၀ ရဲ့လွတ်လပ်မှု
အမေကျော်၍ ဒွေးတော်လွမ်းခြင်း............

၁၉၁၅ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်း နတ်မောက်မြို့
၂၀၁၀ - ၁၉၁၅ = ၉၅
ရာပြည့်သို့ ငါးနှစ်အလို
၁၉၄၈ ဇန်နဝါရီ ၁၄
မနက်ဖြန်ဆို ချစ်သူများနေ့ ရောက်ပြီ............

Read more...

My Slogan

>> 12 February, 2010

My Slogan is  
'Work hard for the Nation,
Fight for the Nation and 
Love the Nation'
Sure, I'm a 'Great Patriot'
While 'SHE' is my 'NATION'

Read more...

ပွဲတော်ညဟာ နင့်ကိုယ်ငွေ့နဲ့နွေးနေတုန်း

>> 15 January, 2010

နှစ်သစ်ကူးညမှာ
ရာစုနှစ်အတွင်းက
ကြားနေကျ အသံလေး
လွင့်ပါးစွာနဲ့ တမ်းတခြင်းကိုရှတယ်

နှင်းတွေ …
နှစ်တွေ …
လွတ်လပ်တဲ့သီချင်းကိုညည်းနေတဲ့ လူတွေ …
(တစ်ကယ်က) လွတ်လပ်တဲ့ လေဟာနယ်ကိုယ်တိုင်က
လှောင်အိမ်ထဲမှာ …
နှစ်တွေ …
နှင်းတွေ …

နောက်..........
သေသွားတဲ့အိပ်မက်တွေ
အသက်နဲ့နီးသော သစ္စာတရား
အရာဝတ္ထုတွေရဲ့ သေးသိမ်မှုတွေ
ဝေးခဲ့တဲ့အသိမှာ လွမ်းနေတဲ့ကဗျာ
အားလုံးဟာ
ကမ္ဘာရဲ့ ဟိုဘက်အခြမ်းရော
ကမ္ဘာရဲ့ ဒီဘက်အခြမ်း မှာပါ
ကိုယ်နဲ့ မဆိုင်ရသလိုပဲ
တံခါးဟာ ကိုယ့်စကားနဲ့ အတူ ပိတ်သွား …

ကိုယ့်အမြင်အာရုံတွေကိုလည်း
တံခါးနဲ့အတူ ပိတ်မသွားဖို့
ရော်ရွက်တွေလို လေယူရာပါမသွားဖို့
ဟိုးရှေ့ရှေ့တုန်းက
နွေးနွေးထွေးထွေးအနမ်းလေးကိုပဲ
ဒိုင်ယာရီစာအုပ်အဟောင်းလေးထဲ
ပြန်ဖွင့်ဖတ်နေရ
နှစ်တွေ …
နှင်းတွေ …
နောက် …
အနမ်းတွေကတော့ မသစ်နိုင်တော့ပြီပဲ
မချိတင်ကဲပါပဲ ဒီဇင်ဘာ …
နင်ဟာငါ့အတွက်ကတော့
အဟောင်းထည်ပဲ

ဆောင်တွင်းမလေးရေ
အဖိုးအခမဲ့ ကြင်နာခြင်းတွေနဲ့
ဤခင်တန်းမှာ..........
အမြဲတမ်း စိမ်းလန်းရင်း
ဒီအချိန်ကို
ဒီအရိပ်အောက်မှာ
နောက်ထပ်လာထိုင်ဦးမယ်
ခုတော့
ငါပြန်ပြီ ဒီဇင်ဘာ…။ ။


ကြာပါပြီ။ ကိုဇာတိ၊ ကိုကြက်သွန် နှင့် ကျွန်တော် ဒီဇင်ဘာအကြောင်းရေးထားတာပါ။

Read more...

အမည်မဲ့ (၁၇)

>> 01 January, 2010

ဒီလိုနဲ့
ပွဲတော်ညအလွန်ရှင်းတမ်း
တိတ်ဆိတ်မှု တစ်သောင်းအားနဲ့
ငါ့ကို မှောင်တစ်ဆောင်းကျစေခဲ့ပေါ့..........

ငါ့လည်း နင့်သစ်ပင်ဖြစ်ခဲ့တာပဲ
ခုတော့ ငါ့ရဲ့ကောက်သင်းကောက်အလွမ်း
နင့်အတွက် တစ်ဘာသာဆန်းနေပြီလား
လယ်သူမရေ..........

နှစ်သစ်ကို
ဆူးခက်လွမ်းနာတွေနဲ့ကြို
နင်ကတော့ အိပ်မက်ပျိုတွေနဲ့
ဘယ်ထိအောင် ခြေချင်းရှုပ်ဦးမှာလဲ..........

ဝေးနေတိုင်း နီးနေတဲ့စိတ်
အိပ်နေတိုင်း နိုးနေတဲ့မနောနဲ့
စောဝင်ခဲ့တဲ့ဆောင်းမှာ ငါဟာကျောဆန့်
မင်းကိုလွမ်းဖို့ မပျင်းရိပါဘူးကွယ်..........

ဘယ်သူမှ မသိခဲ့တဲ့ မှဲ့နက်တစ်လုံးပေါ့
(အဲဒီညက)နတ်ဆိုးတစ်ကောင်လိုခုန်ပေါက်
ရက်စက်ဂီတနဲ့
ငါ့ရင်ကိုခတ်သွားခဲ့တာ..........

Read more...

ဥာဏ်စဉ်မသီသော လက်ရေးများ (၃)

>> 11 December, 2009

မြေနိမ့်ရာကိုမှ လှံစိုက်
ဘဝကို ရှပ်တိုက်စီးသူတွေရဲ့ကြားထဲ
မြေကြီးတစ်ကောင်လိုကျင့်
ရင်ဘက်တွေကို ရဲရဲရွံ့ရွံ့ဆွဲဖွင့်ရင်း
အိပ်သွန်ဖာမှောက် ဖျားနာခဲ့တဲ့နေ့တွေ မနည်းပေါ့..........

တစ်ခါတစ်လေတော့
ဘေးကျပ်နံကျပ် နေ့ရက်တွေကို
ဆေးစာမဟုတ်တဲ့ ဆေးစာတွေနဲ့ကုမဲ့အစား
ကိုယ့်မျက်လုံးကို ပြန်ကိုက်
ဓါတ်ကြမ်း တိုက်ပြစ်ချင်တယ်..........

ကြားနေကျ သံယောဇဉ်တောလား
ဒီအချိန်မှာမှားချင်မှ မှားမယ်
မှန်ချင်မှလည်း မှန်မယ်
ဒါပေမဲ့ လူဆန်တတ်ခဲ့သူတစ်ယောက်ရဲ့
လူလားမြောက်တဲ့ဆုတောင်း
သူတို့ ဖြည့်ဆည်းပေးခဲ့ဖို့ကောင်းတယ်..........

ဝတ်နေကျ မုသားတစ်ရံရယ်
ဝတ်နေကျ ဖိနပ်တစ်ရံရယ်
ဝတ်နေကျ မုတတစ်ထည်ရယ်
ဝတ်နေကျ တီရှပ်တစ်ထည်ရယ်
ခုတော့ အားလုံးကိုခွာချ
သင်းကွဲစိတ်ကိုမှ ချုပ်လုပ်ဝတ်ဆင်
ကိုယ့်ကိုကိုယ် လုံခြုံပြီလို့ ထင်နေမိတယ်..........

နှောင်းလူတစ်ခေတ်
မကောင်းပြောရစ်ခဲ့ရင်တောင်
ရိုင်းတတ်လို့ ရိုင်းနေကြတဲ့လူတွေကို
ရိုင်းတယ်လို့ ပြောလောက်အောင်ထိ
ငါတို့ မရိုင်းခဲ့ဘူး..........

Read more...

ဥာဏ်စဉ်မသီသော လက်ရေးများ (၂)

>> 04 December, 2009

ဆောင်းတံစက်မြိတ်အောက်ကနွေ
ငါ့ကိုလက်ယက် ခေါ်တယ်
လောကဓံနဲ့ ပလူးပလဲနေရင်း
ကံကြမ္မာအနိုင်ကျင့်လည်း
အလွန်ဆုံး ဒီတစ်ဘဝပေါ့..........

ပုထုဇဉ်တစ်ယောက်ရဲ့ အထုပ္ပတ္တိ
အနှစ်ချုပ်ကြည့်ရင်
မီးသုံးမီးနဲ့ကင်းတဲ့စာမျက်နှာ ဘယ်ရှိလိမ့်မလဲ
ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်နဲ့
ဒီစက်ဝန်းထဲ ကျရာဇာတ်ရုပ်မှာ
ပျော်ပျော်ကြီး ခေါင်းရှုပ်တတ်နေပြီ..........

လွတ်မြောက်ရာ
လွတ်မြောက်ကြောင်းတော့ သိပါရဲ့
ဒါပေမယ့် ကိုယ်လည်း သူလိုကိုယ်လိုထဲက
သူလိုကိုယ်လို တစ်ယောက်ပေမို့
နောင်ဘဝ ကူးပါရစေဦး..........

Read more...

လက်ကမ်းလို့ကြိုမယ်

>> 01 December, 2009

ဂရုဏာဒေါသနဲ့
မင်းကို ဖွဖွလေးဆူခဲ့တာကလွဲရင်
အာဃာတ မဆိုဘိ
အမုန်းတရားလေးတောင် မရှိခဲ့..........

ကြင်နာသောစကားနဲ့
အားပေးလို့ဆိုရင်း
ငါတို့ရဲ့ခွန်အား
မင်းကိုယ်ပေါ်မှာ ထွန်းညှိလို့ထားမယ်..........

အတူတူသွား အတူတူစား
အတူတူသောက်
တို့တွေက တစ်လမ်းထဲ
အတူတူလျှောက်နေကြတဲ့ လူတွေလေ..........

ဖေးမလို့ကူ
မင်းပြိုလဲရင် ငါကထူရမှာပေါ့
လူ.....လူသားချင်း
လူသားတရားကို နားလည်ရမယ်..........

အားငယ်စရာမရှိ
သိမ်ငယ်စရာမရှိ
အပြစ်ကို အပြစ်မှန်းသိရင်
အဲဒီထဲမှာ စိတ်ထပ်မနှစ်ဖို့လိုတယ်..........

လောကဓံတရား
ဘယ်တော့မှ ရှစ်ပါးထက်မပိုပါဘူး
မင်းလည်းလူ ငါလည်းလူ
ကံကြမ္မာကို ကလူကျီစယ်လို့ရတယ်..........

ဘဝဆုံးတိုင်း စိတ်ဓါတ်မဆုံး
စိတ်ဓါတ်ဆုံးမှသာ ဘဝကလုံးလုံးဆုံးတာ
Ryan Wayne White ရဲ့သွေးတစ်စက်
တစ်ကမ္ဘာလုံး ရဲပတောင်းခတ်ခဲ့တယ်..........

မျှော်လင့်ချက်တွေ ဝေနေသူအတွက်
အနာဂါတ်ဆိုတာ ဘယ်တော့မှမသေဘူး
ဒီလို နေ့သစ်ရက်ပျိုမှာ
မင်းကို ငါတို့ လက်ကမ်းလို့ကြိုမယ်..........


Ryan Wayne White (6/20/1971 - 8/4/1990) ~ အသက် (၁၃)နှစ် အရွယ်တွင်

သွေးသွင်းရာမှ HIV ကူစက်ခံရပြီး ကမ္ဘာ့ AIDS ရောဂါတိုက်ဖျတ်ရေးပိုစတာတွင်
Poster Child အဖြစ်ရိုက်ကူးဆောင်ရွက်ရင်း ရင်ဆိုင်မှုပေါင်းများစွာဖြင့် တစ်ကမ္ဘာလုံးကို သိစေခဲ့သူ။

Read more...

My Nameless

>> 30 November, 2009

The day is drawing near,

The eye is dripping tear..........

When I give you eloquence,
You give me back silence.

When I heard your voice,
My soul asked me to deaf.

When I see your sign,
My conscious says me to blind.

The time we spent together,
Its the only heaven I had ever.

Please don't forget our story,
Cause it made the world lost its glory.

At last,
You make your own fortune,
I make my own doom.

The more the day is drawing near,
The more the eye is dripping tear..........

Read more...

လူငယ်ဘဝ (၂)

>> 22 November, 2009

အနာဂါတ်ရဲ့ တံပိုးသံ
နားဝင်ချိုတယ်တဲ့
လှောင်ပြုံးတစ်ဝက်နဲ့ လူငယ်
ခပ်စိုင်းစိုင်းနဲ့ပဲ အိမ်ပြန်ခဲ့ရတယ်..........

နေတစ်ခေတ်၊ လေတစ်ခေတ်
မြေတစ်ခေတ်၊ ရေတစ်ခေတ်
နတ်ဖွက်ခံခဲ့ရတာကလွဲရင်
ကိုယ့်ကြမ္မာကိုယ်ပျိုးနိုင်ခဲ့တာပဲ
ခေတ်အဆက်ဆက်ခွန်အား
လက်မောင်းသားထဲ နစ်ဝင်သည်အထိပေါ့..........

အလင်းတစ်ခုအောက်မှာ
အမှောင်တွေ ဓါးမထုတ်ခင်
ငါတို့တိုက်ပွဲ အဆုံးသတ်ကြမယ်
ခေတ်ပျက်မှာ ပန်းပျိုးခဲ့တဲ့လက်
ခုတော့ ကံကြမ္မာလှံတံနဲ့
ကမ္ဘာထဲထိအောင် တုန်ခါနေတော့တယ်..........

Read more...

အမည်မဲ့ (၁၆)

>> 20 November, 2009

ချစ်သူရေ.....
သွေးသားထက်က
မီးခိုးရောင်လက်ချောင်းတွေဖြေလျှော့
ငါ့ကို အသက်ရှူခွင့်ပြုပါ
မှောင်တစ်ဝက် လင်းတစ်ဝက်နဲ့
ကံကြမ္မာလမ်းမှာ
မြူခိုးတွေ စူးနစ်ကုန်ကြပြီ..........

မင်းပေးထားတဲ့
နေတစ်ကွယ်စာကနေ ပြေးထွက်
အလင်းတွေထက် မြင့်အောင်
ပျံသန်းနိုင်တဲ့ ငှက်တစ်ကောင်အဖြစ်
ရာဇဝင်မှာ တွင်ကျန်ရစ်ခဲ့ချင်တယ်..........

တနင်္ဂနွေ (၇)ခု လွန်မြောက်
နောက်ဆုံးတော့လည်း
စစ်ရှုံးသူတို့ အလင်္ကာ
မင်းရဲ့ရယ်သံအောက်မှာ
ဌာန်ကရိုဏ်းကျကျ ရွတ်တတ်ဖို့ပဲလိုတယ်..........

ချစ်သူရေ.....
တစ်ကယ်တော့ ငါဟာ
အတောင်တစ်လက် အရှုံးတစ်ဖက်နဲ့
ဘေးတိုက်ပျံနေတဲ့ ငှက်တစ်ကောင်ကွဲ့
သိရဲ့လား..........

Read more...

အတိတ်မှ နာနာကျင်ကျင် ပုံဆောင်ခဲများ

>> 10 November, 2009

~~~~~~~~ငယ်ငယ်ကကျောင်းတော်ကြီးရေ ခရေပွင့်တွေနဲ့ကော်ရစ်တာမှာ ဆိတ်ငြိမ်ခြင်း
က အားကောင်းဆဲ မျက်တောင်ကော့လေးလည်း ဆွတ်ပျံ့ဆဲပါဘဲ~~~~~~~~~~~~~~

အဖြူအစိမ်းဝတ် နေ့စွဲများ၌ ဖျားယောင်မှုအောက်တွင် နာမကျန်းဖြစ်ခဲ့ဖူးပါသလား။ ကျွန်ပ်၏
မကျန်းမာသော နှလုံးသားသည် သူမ၏ကော်ဖီတစ်ခွက်နှင့် အငွေ့ပျံဖူးပါသည်။ သူမ၏ နှာတံ
စင်းစင်းလေးသည် အမြင်အာရုံ မချွတ်ရွင်းသူအားလုံး ခံစားနိုင်ပါသော်လည်း ဝင်သက်ထွက်
သက် နွေးနွေးလေးတည်ရှိရာ ဇစ်မြစ်သည် ကျွန်ုပ်၏ပါးပြင်ပေါ်၌ ရှိခဲ့ဖူးပါသည်။ ပန်းပေါင်းစုံ
ပွင့်ဖူးခဲ့သည့်ညသည် ရနံ့တို့ဖြင့်ခင်းကျင်းထားတတ်သည်။ ကိုယ်တိုင်ကိုယ်ကျသောက်သုံးဖူး
သည့် ပွင့်ဖတ်လွှာများကြားက ဝတ်မှုံတစ်ဆံသည်နူးညံ့မှုနှင့်အတိပြီး၏။ ကျွန်ုပ်နှင့်မျက်တောင်
ကော့မလေးသည် မတူညီသောအရောင်သွေးများအား ရောစပ်ကြည့်ချင်၏။ ခံစားမှုချင်း မတူ
သည့် လွဲဖယ်သော စံနှုန်းထားများနှင့်အတ္တများသည် တစ်ယောက်ကတစ်ယောက်ကိုချုပ်ကိုင်
နိုင်ရန် ကြိုးစားမှု၏ ကိုယ်တိုင်ထုဆစ်ထားသည့်အလွမ်းများဖြစ်လာနိုင်သည်ကို ထိုစဉ်အခါက
မသိခဲ့အောင် ကံတရားက ကုလားဖန် ထိုးထားခဲ့သည်။ အက်ကြောင်းလိုက်ခဲ့ရသော သစ္စာ
တရားသည် အတွက်အချက်ဘွဲ့တစ်ခုအတွက် သူမနေထိုင်ရမည့်မြို့လေးတွင် ဥယျောဇဉ်စခဲ့
သည်။ ပတ်ဝန်းကျင်၏ ကာရံနဘေကျနလှသည့် အသံများသည် ကျွန်ုပ်အနေနှင့်ခံနိုင်ရည်မရှိ
ခဲ့သလို သစ္စာတရားတွင် သံသယတို့သည် ရစ်ဖွဲ့ခဲ့ချေပြီ။ နှလုံးသားရပ်ဝန်းအနီးအနား၌ မရှိခဲ့
သောသူမအတွက် ယုံကြည်မှုတို့သည် ခိုကိုးရာမဲ့လေသည်။ ဤသို့ဖြင့် သူမ၏ခရီးသည် သူမ
အတွက် မျက်ရည်အတိပြီးခဲ့၏။ အရာအားလုံးကို အသစ်မှပြန်စရန်ပြောခဲ့သော ကျွန်ပ်၏ပါးစပ်
နှင့် ဦးနှောက်တို့သည် သူမ၏ ခေါင်းမာမှုကိုမလွန်ဆန်နိုင်သောအခါ ကိုယ်တိုင်ဧယဉ်ကျူး၍
ကိုယ်တိုင်အသုဘချခဲ့ရသောနှလုံးသားအတွက် သူမ၏အမည်နာမများအား သဂြိုလ်ခဲ့ရသည်။ ရက်စွဲအနက်များကို ခါးညွတ်အောင်ထမ်းထားခဲ့ရသည်။ အတိတ်နေ့စွဲများမှ လွတ်မြောက်ခဲ့ရ
သည့် ပွင့်လင်းရာသီသည် မှုန်သီလွန်း၏။ ဒီလိုနှင့် ဖြတ်သန်းရတော့မည့် အနာဂတ်တွင်ကျွန်ုပ်
၏ နယ်ရုပ်မလေး ကာရံကျိုးပျက်ခဲ့သည်။ သတင်းများသည် ကျွန်ပ်၏ နားကိုတံခါးလာလာ
ခေါက်တတ်သည်။ ထိုသိုသော နေ့များ၌ မျက်နှာဝိုင်းလေးသည် လွမ်းစရာကောင်းသည်။
တစ်ခါတစ်ရံ မျက်နှာဝိုင်းလေးကို ဆိုဒါနှင့် ရောသည်။

~~~~~~~~~နောက်ဆုံး၌ အရာအားလုံး၏ ပြဿနာအတိမ်အနက်သည် ကျွန်ုပ်ပင်ဖြစ်ခဲ့
သလိုကျွန်ုပ်၏အချိန် လွင့်လွင့်မျောမျော စိတ်အစဉ်တို့အား အဘယ်သို့သော ဂုဏ်သရေရှိ
အမျိုးသမီးကိုမှ ဖဲ့မပေးနိုင်သောအတ္တသည်ပင် ပေါ်ထွန်းလာခဲ့ပြန်သည်~~~~~~~~~~

Read more...

လူငယ်ဘဝ (၁)

>> 04 September, 2009

ကမ္ဘာရွာကြီးထဲမှာပဲ
ရွာထဲက ရွာကိုလွမ်းလို့
မနက်ခင်းတိုင်း
အမေ့ထမင်းကြော်နဲ့ ကော်ဖီတစ်ခွက်
မစားရတာလည်းကြာပေါ့..........

ပင်လယ်တွေ ဖြတ်တိုင်း
သိုးဆောင်းငွေကြေး
တစ်ပွေ့တစ်ပိုက်နဲ့ သား
ဒီနှလုံးသားက အမြဲတမ်း
ပျော်နိုင်မယ်ထင်လား အမေ..........

ဘာသာဗေဒကွဲပြား
စရိုက်ကြမ်းကြမ်းတွေကြား
စိတ်တွေက အနာတရ
ခန္ဓာတွေ ကြမ်းရှ
အမေပြောတဲ့ အမေ့တရား
နာခဲ့ရတဲ့နေ့တွေ မနည်းပေါ့..........

ဘာပဲဖြစ်ဖြစ်ပေါ့ အမေရယ်
သားတို့ စွန့်စားချင်တယ်
သားတို့ သမိုင်းတွင်ချင်တယ်
သားတို့ အနာဂါတ်တွေမျှားချင်တယ်
သားတို့ လုပ်ကျွေးချင်တယ်..........

သုံးရာသီ လွန်မြောက်ရင်တော့
မေမေခွံ့တဲ့ ထမင်းတစ်လုပ်
သားတို့စားချင်တယ်..........

Read more...

အမည်မဲ့ (၁၅)

>> 20 June, 2009

ဒဏ်ရာအနာတရနဲ့ပါ
မိုးရွာသောတနင်္ဂနွေနေ့များ
ရင်ဟောင်းလောင်းနဲ့လူငယ်တစ်ယောက်
ကျောင်းသွားဖေါ်လေးနဲ့အိမ်အပြန်
စိတ်ကူးတွေချိတ်ဖူးတယ်..........

မာယာမဆန်သော အပြုံးနဲ့
ဝဲဂယက်ထခဲ့ဖူးသော ရာသီအချို့
အလင်းတစ်ချက် အလှုပ်မှာ
ဖျက်ကနဲ ပြိုကျဖူးသော ငါ့နန်းတော်
ဟို.....ခင်တန်းမှာ တိမ်တွေညိုရင်
ဝေမှိုင်းစွာနဲ့ လွမ်းရပြန်တယ်..........

အိနြေ္ဒဆန်ဆန် မကတတ်သော
ကကြိုးပျက် မင်သမီး
အလင်းတွေကြားက
ဗျက်စောင်းသံအမှား မှာ
ရှင်းလင်းတောက်ပစွာကြွေလွင့်ဖူးသော
စပယ်ဖြူလေးတစ်ပွင့်
ဟို.....အရင်သော အချိန်အခါက
ပင်လယ်ဖြစ်ခဲ့ဖူးတယ်..........

Read more...

အမည်မဲ့ (၁၄)

>> 14 June, 2009

သဟာဇာတ ဖြစ်မှုမဖြစ်မှုအောက်က
နာမလေးတစ်ခု လေတိုးတိုင်း
ပြူတင်းပေါက်က ဝင်လာပါ့မလား..........?

မနေ့ညက မနေ့ညထဲ
ဆိတ်ငြိမ်မှုတွေကို
မျက်ရေတွေနဲ့ ဖေါက်ခွဲ
အေးစက်စက် လက်ဖဝါးလေး
ဘယ်ဘက်ရင်အုံထက်
အမြဲတမ်း ကိန်းဝပ်နေချင်မိရဲ့..........

ကော်ဖီတစ်ခွက်က
အိပ်ပျက်စေခဲ့သလား?
ချစ်သူ...မင်းကပဲ
အိပ်ပျက်စေခဲ့သလား..........?

နှစ်ယောက်အတူ ငိုခဲ့တဲ့ညထဲ
လက်ဖဝါးတွေ မြဲမြံဖို့ ကြိုးစားရင်း
တစ်ယောက်ညလေးမှာ
တစ်ယောက်ကပျော်လို့..........

Read more...

ဥာဏ်စဉ်မသီသော လက်ရေးများ

>> 23 May, 2009

အတိမ်အနက်ကို
ပိုင်းခြား၍ မရသော
စိတ်အစဉ်သည်
အလောသုံးဆယ် ညများတွင်
အိပ်ချင်ယောင်ဆောင်တတ်၏..........

လတ်တလော ပျော်ရွှင်မှုတွင်
အသားကျခဲ့ခြင်းသည်
နှောင်းဖြစ်ကမ္ဘာ၏
လူဖြစ်ရကျိုး မနပ်ခြင်းကို
အထင်ကရ ဖြစ်စေသည်..........

နောက်ဆုံး
ထပ်တလဲလဲ သုံးစွဲမှုတွင်
အက္ခရာစဉ်များ လုံးပါး ပါးခဲ့ရသည်..........

Read more...
Photobucket

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP