အမည်မဲ့ (၅) / ဧပရယ်သေတမ်းစာ
>> 12 April, 2010
၂၀၀၈ တုန်းကတင်ခဲ့တဲ့ ကဗျာလေးပါ။ ဧပရယ်နဲ့ပါတ်သတ်တဲ့ ကဗျာဖြစ်သလို ခုချိန်ထိ
ပြန်ဖတ်လိုက်တိုင်း ခံစားနေရဆဲဖြစ်လို့ ပြန်တင်တာပါ။ အသစ်မရေးဖြစ်တာလည်းပါ ပါတယ်။
သင်္ကြန်က အဆိပ်အတောက်တစ်ခု ဖြစ်ခဲ့သလို သင်္ကြန်ရောက်တိုင်း အပြင်ထွက်ဖို့စိတ်ကုန်
ခဲ့တာလည်း ၆နှစ်လောက်ရှိခဲ့ပါပြီ။ နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြပါစေ။

ဒီလို ဧပရယ်လမှာ
ရင်ဘက်ဟောင်းနဲ့လူ
နှစ်ယောက်တစ်အိပ်မက် မြင်ရင်
နှလုံးသားအာဟာရ က
တစ်ကျစ်ကျစ် မြည်တယ်..........
ကံကြမ္မာပဲ ခါးခဲ့သလား
ရင်ခုန်သံပဲ မှားခဲ့လေသလား
ဝေဝါးဝါး အတိတ်က
သံယောဇဉ် လက်ကျန်ရှင်းတမ်း
အဘယ်သောဓါးနှင့် ခုတ်ပိုင်းရမလဲ..........
သတိရစိတ် တဖွားဖွားဝေရင်
ငါ့ကို ငါပဲ သေဆုံးရမလား
ငါကိုယ်တိုင်ပဲ သေဆုံးနေသလား..........

5 comments:
နင်ကလည်း--
သတိရပြန်ပါပြီ-
ငါလည်းမုံရွာသင်္ကြန်ကိုလွမ်းတယ်-
ဟိုနေ့ က ကိုကျော်နဲ့ အွန်လိုင်းမှာတွေ့ လို့ပြေကြသေးတယ်-သင်္ကြန်အလွမ်းတွေပေါ့ဟာ-
ကျောက်ရိုင်းတို့
ပေါက်ကျိုင်းတို့
စံပယ်ဖြူတို့
ပြုံးသစ္စာတို့ -အများကြီးသတိရသေးတယ်-စုံနေတာဘဲ-
သွယ်လင်းဆက်ရေ
နင်ကတော့ မသေဆုံးသေးတာသေခြာတယ်
မူးနေတာဘဲဖြစ်မယ်-
ကော်ဖီမူးတာကိုပြောနော် တလွဲမတွေးနဲ့ အုံး-
ပျော်ရွှင်ပါစေ---
belated happy new year ပါ
း)
သံယောဇဉ်ဖွဲ့ ကဗျာလေးက ပါးပါးလေးနဲ့ ခံစားရပါတယ်
ဟဲ့  - - - -
အသစ် - - -အသစ် - - -အသစ်
အသစ် မတင်ဖြစ်သေးဘူးပေါ့ညီ
Post a Comment