အမည်မဲ့ (၁၈)
>> 16 March, 2010
တစ်ခုခုကို လွမ်းနေတယ်
ဘာကိုမှန်းမသိဘူး
ဝတ်မှုံခံအာရုံ ပျိုးပျိုးမှာ
ငါ့ကိုလာနှိုးပါ
ငါ နေဝင်တာကိုကြည့်ချင်တယ်...........
နှစ်ကြိုးပြိုင်
လွန်းတင်ရစ်တဲ့ စောင်းမှာ
တစ်ကြိုးကို တစ်ကြိုးဆိုင်ဖို့
ကံကြမ္မာရဲ့လက်သဲထက်
လွန့်လူးလို့ ခတ်ပြရနဲ့..........
ဒါလိုနဲ့
အဝေးရောက် ဗီးနပ်စ်ရဲ့
ကမောက်ကမ နိုင်မှုကြောင့်
ရင်ခွင်တစ်ခြမ်းပဲ့တေးသွားတို့
ပြိုထွက်လာခဲ့.............
မောတယ် ဒီရေ ရယ်
ဝမ်းရေးကြောင့်
ခပ်သောက်ခဲ့ရသောပင်လယ်မှာ
စိတ်တစ်ချက်ပင့်တိုင်း
အလွမ်းက လက်တဆစ်တိုင်အောင်မြုပ်တယ်..........
မစိုက်ပဲပွင့်ခဲ့တဲ့ စံပယ်ဟာ
ငါ့ရဲ့ ခေတ်ကြိုးခေတ်ကြားက
မရှိုက်ပဲပြယ်သွားတဲ့ ရနံ့အကြောင်း
အားလုံးကြားအောင်
ပျိုးရစ်ခဲ့ပြန်တယ်..........
အနုပညာမြင်ရိုင်းနဲ့
ငါ ထင်ရာစိုင်းပြန်တော့လည်း
ထုဆစ်ခဲ့သမျှ ကျောက်စာတိုင်းမှာ
မင်းလက်ဖဝါးက သွေးခြည်ဥထက်ပိုပြီး
အရာမထင်ခဲ့ပြန်ဘူး...........
နောက်ဆုံး
ရမ္မက်တွေသိုသိပ် ခိုးလို့အိပ်ချိန်
ရင်ညွန့်ထက်က အကြောစိမ်းများ
ငါ့အိပ်မက်များကို
ရောလို့ယှက်လေတယ်.........




9 comments:
သွယ်လင်းဆက်ရေ- - - -
ခင်ဗျား တကယ်လွမ်းနေသလားဗျာ - - -
အလွမ်းတွေကို ဘီယာ နဲ့ တော့မမြောလိုက်နဲ့နော်-
တော်နေဋ္ဌကာရင်ဘတ်ပေါ်ကအကြောစိမ်းစိမ်းတွေ
ပြောက်သွားမှာစိုးလို့ပါဗျာ-
စာသားတွေကကောင်းလှချည်လားညီလေးရေ..
ကဗျာတပုဒ်လုံးကိုကြိုက်မိပါတယ်..
ခင်တဲ့
အကိုဆောင်းယွန်းလ
အသစ်တင်ထားမလားလို့ လာဋ္ဌကည့်တာပါဗျာ-
၂၁-၀၃-၂၀၁၀ ကမ္ဘာ့ကဗျာနေ့ မှာအသစ်မတွေ့ မိပါလား-
ဂျစ်တူးရေ... လွန်ခဲ့တဲ့လေးငါးရက်လောက်ကတည်းက
ကဗျာများနေ့ အထိမ်းအမှတ်ရေးဖို့အားခဲထားပေမယ့်
အလွန်အလုပ်များသွားတာကြောင့် မရေးဖြစ်လိုက်တာပါ။ ဒီနှစ်တော့ နောက်ကျပေမယ့် နောက်နှစ်အတွက်တော့
စောပါသေးတယ်။ :)
သွယ်လင်းဆက်ရေ
အသစ် အသစ် အသစ်
နင်ကလည်းဒီလောက်နားနေရတာကိုဘာကိုလုပ်ပြီးဘယ်ကို
သွားနေတာလည်းဟင်-
သိပ်ကောင်းတဲ့ကဗျာလေးပဲ အကိုရာ ဒါကြောင့် Comment ပေးသွားပါတယ် နောက်လည်း ဒီထက်မက ရေးသားဖော်ပြနိုင်ပါစေလိုဗျာ..............
ကဗျာလေး ကောင်းတယ်ညီ။
နှစ်ကြိုးပြိုင်
လွန်းတင်ရစ်တဲ့ စောင်းမှာ
တစ်ကြိုးကို တစ်ကြိုးဆိုင်ဖို့
ကံကြမ္မာရဲ့လက်သဲထက်
လွန့်လူးလို့ ခတ်ပြရနဲ့..........
ဒါလိုနဲ့
အဝေးရောက် ဗီးနပ်စ်ရဲ့
ကမောက်ကမ နိုင်မှုကြောင့်
ရင်ခွင်တစ်ခြမ်းပဲ့တေးသွားတို့
ပြိုထွက်လာခဲ့.............
အကြိုက်ဆုံး
နှစ်ကြိုးပြိုင်
လွန်းတင်ရစ်တဲ့ စောင်းမှာ
တစ်ကြိုးကို တစ်ကြိုးဆိုင်ဖို့
ကံကြမ္မာရဲ့လက်သဲထက်
လွန့်လူးလို့ ခတ်ပြရနဲ့..........
ဒါလိုနဲ့
အဝေးရောက် ဗီးနပ်စ်ရဲ့
ကမောက်ကမ နိုင်မှုကြောင့်
ရင်ခွင်တစ်ခြမ်းပဲ့တေးသွားတို့
ပြိုထွက်လာခဲ့.............
Post a Comment