သွယ်လင်းဆက်

ကျွန်တော့်၏အမည်မဲ့များ
Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

ဒီနေ့ ဒိုင်ယာရီ

>> 13 February, 2010

လွန်လေပြီးသော နေ့စွဲတစ်ခု
အမှတ်တမဲ့ပေမဲ့ အမှတ်တရနေရာ
နှစ်တစ်ရာပြည့်ရန် ငါးနှစ်အလို
မထူးဆန်းပေမဲ့ ထူးဆန်းနေသော ကဗျာ
လူသန်းပေါင်း ၅၀ ရဲ့လွတ်လပ်မှု
အမေကျော်၍ ဒွေးတော်လွမ်းခြင်း............

၁၉၁၅ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်း နတ်မောက်မြို့
၂၀၁၀ - ၁၉၁၅ = ၉၅
ရာပြည့်သို့ ငါးနှစ်အလို
၁၉၄၈ ဇန်နဝါရီ ၁၄
မနက်ဖြန်ဆို ချစ်သူများနေ့ ရောက်ပြီ............

Read more...

ပွဲတော်ညဟာ နင့်ကိုယ်ငွေ့နဲ့နွေးနေတုန်း

>> 15 January, 2010

နှစ်သစ်ကူးညမှာ
ရာစုနှစ်အတွင်းက
ကြားနေကျ အသံလေး
လွင့်ပါးစွာနဲ့ တမ်းတခြင်းကိုရှတယ်

နှင်းတွေ …
နှစ်တွေ …
လွတ်လပ်တဲ့သီချင်းကိုညည်းနေတဲ့ လူတွေ …
(တစ်ကယ်က) လွတ်လပ်တဲ့ လေဟာနယ်ကိုယ်တိုင်က
လှောင်အိမ်ထဲမှာ …
နှစ်တွေ …
နှင်းတွေ …

နောက်..........
သေသွားတဲ့အိပ်မက်တွေ
အသက်နဲ့နီးသော သစ္စာတရား
အရာဝတ္ထုတွေရဲ့ သေးသိမ်မှုတွေ
ဝေးခဲ့တဲ့အသိမှာ လွမ်းနေတဲ့ကဗျာ
အားလုံးဟာ
ကမ္ဘာရဲ့ ဟိုဘက်အခြမ်းရော
ကမ္ဘာရဲ့ ဒီဘက်အခြမ်း မှာပါ
ကိုယ်နဲ့ မဆိုင်ရသလိုပဲ
တံခါးဟာ ကိုယ့်စကားနဲ့ အတူ ပိတ်သွား …

ကိုယ့်အမြင်အာရုံတွေကိုလည်း
တံခါးနဲ့အတူ ပိတ်မသွားဖို့
ရော်ရွက်တွေလို လေယူရာပါမသွားဖို့
ဟိုးရှေ့ရှေ့တုန်းက
နွေးနွေးထွေးထွေးအနမ်းလေးကိုပဲ
ဒိုင်ယာရီစာအုပ်အဟောင်းလေးထဲ
ပြန်ဖွင့်ဖတ်နေရ
နှစ်တွေ …
နှင်းတွေ …
နောက် …
အနမ်းတွေကတော့ မသစ်နိုင်တော့ပြီပဲ
မချိတင်ကဲပါပဲ ဒီဇင်ဘာ …
နင်ဟာငါ့အတွက်ကတော့
အဟောင်းထည်ပဲ

ဆောင်တွင်းမလေးရေ
အဖိုးအခမဲ့ ကြင်နာခြင်းတွေနဲ့
ဤခင်တန်းမှာ..........
အမြဲတမ်း စိမ်းလန်းရင်း
ဒီအချိန်ကို
ဒီအရိပ်အောက်မှာ
နောက်ထပ်လာထိုင်ဦးမယ်
ခုတော့
ငါပြန်ပြီ ဒီဇင်ဘာ…။ ။


ကြာပါပြီ။ ကိုဇာတိ၊ ကိုကြက်သွန် နှင့် ကျွန်တော် ဒီဇင်ဘာအကြောင်းရေးထားတာပါ။

Read more...

အမှတ်တရ

>> 23 May, 2009

ပန်းဆိုးတန်း တဝိုက်လေထုနဲ့
အသက်ဆက်တဲ့ လူတွေထဲမှာ
ကျွန်တော်နဲ့ သူငယ်ချင်းတော်တော်များများပါတယ်

ရေငုံနှုတ်ပိတ် စိတ်ကူးစိတ်သန်းတွေ
ပွင့်အာဖလှယ်ရာ ချောင်ကျကျစားပွဲမှာ
ကျွန်တော်၊ လင်းနေညိုနဲ့ ပေါ့စိမ့်နှစ်ခွက်ပါတယ်

ရတောင့်ရခဲ အခွင့်အရေးတစ်ခုရဲ့
စိတ်ပြေလက်ပျောက် (၁၉) လမ်းမှာ
ကျွန်တော် ခါလစ်နဲ့ အကင်တစ်ပွဲပါတယ်

သူသာတယ် ငါသာတယ် ငြင်းခုံခြင်းရဲ့
စိတ်လိုလက်ရ အခက်အခဲတွေမှာ
လင်းနေညို ခါလစ် နဲ့ မာနတွေပါတယ်

ဥပုါလ်စောင့်သော နေ့လည်စာမှာ
အာကြီးဆိုင် နဲ့ ဒေါပုံပါတယ်

မပြောင်းလဲသော အကြောင်းအကျိုးထဲမှာ
ကျွန်တော် တစ်ယောက်သာပါတယ်..........

Read more...
Photobucket

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP