သွယ်လင်းဆက်

ကျွန်တော့်၏အမည်မဲ့များ

ပွဲတော်ညဟာ နင့်ကိုယ်ငွေ့နဲ့နွေးနေတုန်း

>> 15 January, 2010

နှစ်သစ်ကူးညမှာ
ရာစုနှစ်အတွင်းက
ကြားနေကျ အသံလေး
လွင့်ပါးစွာနဲ့ တမ်းတခြင်းကိုရှတယ်

နှင်းတွေ …
နှစ်တွေ …
လွတ်လပ်တဲ့သီချင်းကိုညည်းနေတဲ့ လူတွေ …
(တစ်ကယ်က) လွတ်လပ်တဲ့ လေဟာနယ်ကိုယ်တိုင်က
လှောင်အိမ်ထဲမှာ …
နှစ်တွေ …
နှင်းတွေ …

နောက်..........
သေသွားတဲ့အိပ်မက်တွေ
အသက်နဲ့နီးသော သစ္စာတရား
အရာဝတ္ထုတွေရဲ့ သေးသိမ်မှုတွေ
ဝေးခဲ့တဲ့အသိမှာ လွမ်းနေတဲ့ကဗျာ
အားလုံးဟာ
ကမ္ဘာရဲ့ ဟိုဘက်အခြမ်းရော
ကမ္ဘာရဲ့ ဒီဘက်အခြမ်း မှာပါ
ကိုယ်နဲ့ မဆိုင်ရသလိုပဲ
တံခါးဟာ ကိုယ့်စကားနဲ့ အတူ ပိတ်သွား …

ကိုယ့်အမြင်အာရုံတွေကိုလည်း
တံခါးနဲ့အတူ ပိတ်မသွားဖို့
ရော်ရွက်တွေလို လေယူရာပါမသွားဖို့
ဟိုးရှေ့ရှေ့တုန်းက
နွေးနွေးထွေးထွေးအနမ်းလေးကိုပဲ
ဒိုင်ယာရီစာအုပ်အဟောင်းလေးထဲ
ပြန်ဖွင့်ဖတ်နေရ
နှစ်တွေ …
နှင်းတွေ …
နောက် …
အနမ်းတွေကတော့ မသစ်နိုင်တော့ပြီပဲ
မချိတင်ကဲပါပဲ ဒီဇင်ဘာ …
နင်ဟာငါ့အတွက်ကတော့
အဟောင်းထည်ပဲ

ဆောင်တွင်းမလေးရေ
အဖိုးအခမဲ့ ကြင်နာခြင်းတွေနဲ့
ဤခင်တန်းမှာ..........
အမြဲတမ်း စိမ်းလန်းရင်း
ဒီအချိန်ကို
ဒီအရိပ်အောက်မှာ
နောက်ထပ်လာထိုင်ဦးမယ်
ခုတော့
ငါပြန်ပြီ ဒီဇင်ဘာ…။ ။


ကြာပါပြီ။ ကိုဇာတိ၊ ကိုကြက်သွန် နှင့် ကျွန်တော် ဒီဇင်ဘာအကြောင်းရေးထားတာပါ။

4 comments:

ဆောင်းယွန်းလ 2/8/10, 8:28 AM  

ဆောင်တွင်းမလေးရေ
အဖိုးအခမဲ့ ကြင်နာခြင်းတွေနဲ့
ဤခင်တန်းမှာ..........
အမြဲတမ်း စိမ်းလန်းရင်း
ဒီအချိန်ကို
ဒီအရိပ်အောက်မှာ
နောက်ထပ်လာထိုင်ဦးမယ်
ခုတော့
ငါပြန်ပြီ ဒီဇင်ဘာ

အရေးအသားလေးနဲ့ စကားလုံးလေးတွေလှတယ် ညီလေးရေ

စံလင်းထွန်း 2/9/10, 5:51 AM  

လွမ်းမောစရာကဗျာလေး ဖတ်သွားပါတယ်။

ဇော် 2/9/10, 9:11 AM  

အဲ့ဒီ ကိုဇာတိဆိုတာ မိုင်စုဘူးမှာ ကဗျာရေးတဲ့တစ်ယောက်လားဗျာ .. ကျနော် အခု ပြီးခဲ့တဲ့ နာရီအနည်းငယ်ကပဲ သူ့ကဗျာတစ်ပုဒ်ကို ကြိုက်မိလို့ ကူးပြီးတင်ထားလိုက်မိတယ် ..

အကို့ကဗျာတွေလဲ အတော်မိုက်တယ် .. ကျနော်က ကဗျာလှလှလေးတွေကို ချစ်တယ်ဗျ။ အကို့ကဗျာတွေလဲ အတော်လှတာကိုတွေ့ရတယ် ..
နောက်ဆုံးအပိုဒ်လေးတွေဆို ပိုပြီး ရသမြောက်တယ်လို့ ခံစားရတယ်။ ဥပမာ .. ကျနော့်အကြိုက်ပေါ့ ..

ဘယ်သူမှ မသိခဲ့တဲ့ မှဲ့နက်တစ်လုံးပေါ့ (အဲ့ဒီညက) နတ်ဆိုးတစ်ကောင်လို ခုန်ပေါက် ရက်စက်ဂီတနဲ့ ငါ့ရင်ကိုခတ်သွားခဲ့တာ ..

ဆိုတဲ့ အပိုဒ်လိုမျိုးဆိုရင် တစ်မျိုးလေး လှနေလို့ မှတ်မှတ်ရရကို ဖြစ်ရတယ်အကို ..

စကားမစပ် .. ကျနော် လင့်ပါရစေခင်ဗျာ .. =)

ဂျစ်တူး ( မုံရွာ ) 3/18/10, 4:03 PM  

နင့်အတွေးတွေမြင့်လှခြေလားဟာ-
နင့်နှလုံးသားကလေးတော်တော်နာနေရောပေါ့-
ကဗျာတွေပြောင်မြောက်လွန်းလို့ငါတောင် ဟ သွားတယ်-
အံ့ဋ္ဌသသွားတာပါ-
တကယ်ပြောတာဟ-
ယုံတောင်မယုံရဘူး-
စကားတွေပြောရအောင်လေ-
ကော်ဖီဆိုင်ကလေးတဆိုင်မှာပေါ့-

Photobucket

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP