သွယ်လင်းဆက်

ကျွန်တော့်၏အမည်မဲ့များ

အမည်မဲ့ (၁၇)

>> 01 January, 2010

ဒီလိုနဲ့
ပွဲတော်ညအလွန်ရှင်းတမ်း
တိတ်ဆိတ်မှု တစ်သောင်းအားနဲ့
ငါ့ကို မှောင်တစ်ဆောင်းကျစေခဲ့ပေါ့..........

ငါ့လည်း နင့်သစ်ပင်ဖြစ်ခဲ့တာပဲ
ခုတော့ ငါ့ရဲ့ကောက်သင်းကောက်အလွမ်း
နင့်အတွက် တစ်ဘာသာဆန်းနေပြီလား
လယ်သူမရေ..........

နှစ်သစ်ကို
ဆူးခက်လွမ်းနာတွေနဲ့ကြို
နင်ကတော့ အိပ်မက်ပျိုတွေနဲ့
ဘယ်ထိအောင် ခြေချင်းရှုပ်ဦးမှာလဲ..........

ဝေးနေတိုင်း နီးနေတဲ့စိတ်
အိပ်နေတိုင်း နိုးနေတဲ့မနောနဲ့
စောဝင်ခဲ့တဲ့ဆောင်းမှာ ငါဟာကျောဆန့်
မင်းကိုလွမ်းဖို့ မပျင်းရိပါဘူးကွယ်..........

ဘယ်သူမှ မသိခဲ့တဲ့ မှဲ့နက်တစ်လုံးပေါ့
(အဲဒီညက)နတ်ဆိုးတစ်ကောင်လိုခုန်ပေါက်
ရက်စက်ဂီတနဲ့
ငါ့ရင်ကိုခတ်သွားခဲ့တာ..........

2 comments:

ဂျေဂျူဝိုင် 1/28/10, 8:27 PM  

ကျွန်တော်လည်း မှဲ့နက်လေး တစ်လုံးကို လွမ်းနေတာ။

Harry 2/6/10, 9:20 PM  

ဒီကဗျာလေးကို အတော်လေးကြိုက်ပါတယ် ..
ကျန်တဲ့ကဗျာလေးတွေကိုလည်း ကြိုက်ပါတယ်ဗျာ ...
ကဗျာကောင်းလေးတွေ ဖတ်ရလို့ ကျေးဇူးပါ ...

Photobucket

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP