သွယ်လင်းဆက်

ကျွန်တော့်၏အမည်မဲ့များ

ဥာဏ်စဉ်မသီသော လက်ရေးများ (၃)

>> 11 December, 2009

မြေနိမ့်ရာကိုမှ လှံစိုက်
ဘဝကို ရှပ်တိုက်စီးသူတွေရဲ့ကြားထဲ
မြေကြီးတစ်ကောင်လိုကျင့်
ရင်ဘက်တွေကို ရဲရဲရွံ့ရွံ့ဆွဲဖွင့်ရင်း
အိပ်သွန်ဖာမှောက် ဖျားနာခဲ့တဲ့နေ့တွေ မနည်းပေါ့..........

တစ်ခါတစ်လေတော့
ဘေးကျပ်နံကျပ် နေ့ရက်တွေကို
ဆေးစာမဟုတ်တဲ့ ဆေးစာတွေနဲ့ကုမဲ့အစား
ကိုယ့်မျက်လုံးကို ပြန်ကိုက်
ဓါတ်ကြမ်း တိုက်ပြစ်ချင်တယ်..........

ကြားနေကျ သံယောဇဉ်တောလား
ဒီအချိန်မှာမှားချင်မှ မှားမယ်
မှန်ချင်မှလည်း မှန်မယ်
ဒါပေမဲ့ လူဆန်တတ်ခဲ့သူတစ်ယောက်ရဲ့
လူလားမြောက်တဲ့ဆုတောင်း
သူတို့ ဖြည့်ဆည်းပေးခဲ့ဖို့ကောင်းတယ်..........

ဝတ်နေကျ မုသားတစ်ရံရယ်
ဝတ်နေကျ ဖိနပ်တစ်ရံရယ်
ဝတ်နေကျ မုတတစ်ထည်ရယ်
ဝတ်နေကျ တီရှပ်တစ်ထည်ရယ်
ခုတော့ အားလုံးကိုခွာချ
သင်းကွဲစိတ်ကိုမှ ချုပ်လုပ်ဝတ်ဆင်
ကိုယ့်ကိုကိုယ် လုံခြုံပြီလို့ ထင်နေမိတယ်..........

နှောင်းလူတစ်ခေတ်
မကောင်းပြောရစ်ခဲ့ရင်တောင်
ရိုင်းတတ်လို့ ရိုင်းနေကြတဲ့လူတွေကို
ရိုင်းတယ်လို့ ပြောလောက်အောင်ထိ
ငါတို့ မရိုင်းခဲ့ဘူး..........

3 comments:

စိတ်စမ်းရေ 12/25/09, 8:37 PM  

ကဗျာရေးပုံလေးကို သဘောကျတယ်ဗျာ...။

Mhu Darye 12/27/09, 3:46 PM  

မိတယ်ဗျိုးးးး...........၂ရော ၃ရော ကြိုက်တယ် ၁ မဖတ်ရသေးဘူး
ဒါနဲ့ မင်္ဂလာအပေါင်းခညောင်းတဲ့ နှစ်သစ် ၀င်လုခါနီး နဲ့ နှစ်ကောင်းနှစ်မြတ် စ၊လယ်၊ဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးသွားတယ်..။

LaceyAnnamarieCaleigh 2/15/10, 4:03 AM  

လူလားမြောက်ခဲ့
အတတ်မမဲ့ခဲ့ပါ......
ဲခြုံနေကျ မုသားအင်္ကျီတစ်ထည်ကို
မျှော်လင့်ချက် ဘောင်းဘီတစ်ထည်နဲ့
လိုက်ဖက်အောင်
ဝတ်ဆင်ရင်း
သင်းကွဲ တေးတစ်ပုဒ်
ငါရွတ်မိခဲ့တယ်........
သြော်
လူငယ္ဘဝ ညဏ္မမွီၤခ့ဲတ့ဲ
ငါ့ရ့ဲကဗ်ာ
ရာဇဝင်မရိုင်းခဲ့ပါဘူး....
ဟန်ဆောင်ခြင်းတွေ ခွါချ
ငါ့
ကဗျာ ပန်းခင်းလေးထဲ
တစ်ခေါက်တစ်ခါလှမ်းလာခဲ့စမ်းပါ.....
ဟေ့
( IC ညရဲ့သံစဉ်
မင်းရင်ထဲမှာရှိနေတုန်းမဟုတ်လား )

Photobucket

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP