ဥာဏ်စဉ်မသီသော လက်ရေးများ (၂)
>> 04 December, 2009
ဆောင်းတံစက်မြိတ်အောက်ကနွေ
ငါ့ကိုလက်ယက် ခေါ်တယ်
လောကဓံနဲ့ ပလူးပလဲနေရင်း
ကံကြမ္မာအနိုင်ကျင့်လည်း
အလွန်ဆုံး ဒီတစ်ဘဝပေါ့..........
ပုထုဇဉ်တစ်ယောက်ရဲ့ အထုပ္ပတ္တိ
အနှစ်ချုပ်ကြည့်ရင်
မီးသုံးမီးနဲ့ကင်းတဲ့စာမျက်နှာ ဘယ်ရှိလိမ့်မလဲ
ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်နဲ့
ဒီစက်ဝန်းထဲ ကျရာဇာတ်ရုပ်မှာ
ပျော်ပျော်ကြီး ခေါင်းရှုပ်တတ်နေပြီ..........
လွတ်မြောက်ရာ
လွတ်မြောက်ကြောင်းတော့ သိပါရဲ့
ဒါပေမယ့် ကိုယ်လည်း သူလိုကိုယ်လိုထဲက
သူလိုကိုယ်လို တစ်ယောက်ပေမို့
နောင်ဘဝ ကူးပါရစေဦး..........




3 comments:
ညီလေးရေ - - - -မင်းကဘဲဥာဏ်စဉ်မသီတာလား
ဂျစ်တူးကဘဲ ဥာဏ်စဉ်မမှီတာလားတော့မသိဘူး -
ကဗျာတွေကတော့ တရားတွေ အများကြီးပါတယ်တယ်
နော်-
ပုထုဇဉ်တစ်ယောက်ရဲ့ အထုပ္ပတ္တိ
အနှစ်ချုပ်ကြည့်ရင်
မီးသုံးမီးနဲ့ကင်းတဲ့စာမျက်နှာ ဘယ်ရှိလိမ့်မလဲ
ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်နဲ့
ဒီစက်ဝန်းထဲ ကျရာဇာတ်ရုပ်မှာ
ပျော်ပျော်ကြီး ခေါင်းရှုပ်တတ်နေပြီ
ကြိုက်တယ်ညီလေးရေ..ကဗျာကောင်းတပုဒ်ဆိုတာထက် ပိုပြီးကောင်းတယ်...
ချိုခြင်း၊ ငံခြင်း၊ စပ်ခြင်း သည်
သင်၏ မြည်းစမ်းမိသော
ကဗျာ၏ တကယ့်အရသာသာဖြစ်၏။
သေချာစွာ .....
စားသုံးပါ။
မြည်းပါ။
ခံယူပါ။
သင်ပေးသောအရသာကိုသာ
ကျွန်ုပ်တို့ စားသုံးရပါသည်....
ကျွန်ုပ်တို့က... နှလုံးသားနှင့်သာ
စားသုံးတတ်ပါသည်။
ထို့ကြောင့်............
သင့် ကဗျာများ၏်အရသာကို
နောက်နေ့
ကျွန်ုတို့ထပ်မံလာရောက်သုံးစွဲပါဦးမည်။.....။
(သင်အရင်သာ မြည်းထားနှင့်ပါ)
Post a Comment